တောင်ကြီးမြို့လယ် ဓမ္မာရုံ

မြို့လုံးကျွတ် မဟာဘုံကထိန်

တောင်ကြီးမြို့ မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော်ကြီးကို နိုဝင်ဘာလ လယ်လောက်တွင် တောင်ကြီးမြို့ပေါ်ရှိ ၂၂ ရပ်ကွက်မှ ဒေသခံများက စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါသည်။ ပထမဦးစွာ တောင်ကြီးမြို့၊ မြို့မရဲစခန်း အရှေ့ မှ နံနက် ၈ နာရီအချိန်တွင် စတင်ထွက်ကြပြီး မြို့ကို တစ်ပတ်ပတ်ကာ အတုလမာရဇိန် ဆုတောင်းပြည့်ဘုရား မြို့လယ်ဓမ္မာရုံသို့ ရောက်ရှိ လှူဒါန်းကြခြင်း ဖြစ်ပါသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲသည် အများသိသည့်အတိုင်း သာမန် ဇွဲ၊လုံ့လ၊ဝီရိယ ဖြင့် စွမ်းနိုင်သောပွဲ မဟုတ်ပေ။ ဒေသခံများအဖို့ မီးပုံးပျံပွဲကျင်းပရန် တစ်နှစ်ပတ်လုံး အားခဲထား ကြရသည်။ သြင်္ကန်ပြီးသည်နှင့် မိုင်းကိုင်အရပ် မှထွက်သည့် စက္ကူကအစ ဒေသထွက်ဝါးများ အလယ် ယမ်းထုပ်များ စပ်ကြရသည်အဆုံး